ဒရက်ကူလာ (၂)

  Chapter Two – Prisoner

Jonathan Harker’s Journal (Continued)

ကျတော် တံခါးဘောင်ကို ကျော်ဝင်လိုက်တာနဲ့ သူက ကျတော့ကို ထိလုနီးပါး အလျင်စလို ရှေ့တိုးလာတယ်။ သူ့ရဲ့ တင်းကျပ်စွာ လက်ဆွဲ နှုတ်ဆက်မှုက လှည်းမောင်းသူနဲ့တုန်းကလိုပဲ။ အဲ့ခဏမှာ သူတို့ဟာ တစ်ယောက်တည်းလို့တောင် ထင်မိတယ်။ 


သူက ကျတော့်ဆီက အိတ်ကို လှမ်းယူတယ်။ ကျတော်က ကာကွယ်လိုက်တော့ သူကပြောတယ်။

“No! No! Mr.Harker, ခင်ဗျားက ကျတော့ရဲ့ ဧည့်သည်ပါ။ ကျတော့်လူတွေ လောလောဆယ် ရှိမနေဘူး၊ ဒါပေမဲ့ ခင်ဗျားကို သက်တောင့်သက်သာ ဖြစ်စေရမှာက ကျတော့်ရဲ့ တာဝန်ပါ။ ခင်ဗျားလည်းပဲ ပင်ပန်းလာပြီး စားဖို့ အနားယူဖို့ လိုနေပြီ။ ဒီဘက်ကိုလာပါ။ “


သူက လျှောက်လမ်းတလျှောက် ကျတော့်အိတ်ကို သယ်ပေးခဲ့ပြီးနောက် ကြီးမားကျယ်ပြန့်တဲ့ လှေကားအတိုင်း နောက်ထပ် လျှောက်လမ်းကျယ်ဆီကို ဆင်းခဲ့ကြတယ်။ ကျတော်တို့ ခြေသံတွေက ကျောက်ပြားကြမ်းခင်းပေါ်မှာ ပဲ့တင်ထပ်နေတယ်။ လျှောက်လမ်းအဆုံးမှာတော့ သူက ကြီးမားလေးလံတဲ့တခါးတစ်ချပ်ကို ဖွင့်လိုက်တော့ ညစာ တည်ခင်းထားတဲ့ အခန်းကျယ်ကို မြင်လိုက်ရတယ်။ အခန်းထဲက မီးလင်းဖိုမှ မီးတောက်က နွေးထွေးနေတယ်။ 


သူက ရပ်တန့်လိုက်ပြီး ကျတော့်အိတ်ကို ချထားလိုက်တယ်။ ပြီးတော့ သူက တံခါးပိတ်လိုက်တယ်။ အခန်းထဲကို ဖြတ်သွားပြီး နောက်ထပ်တံခါးတစ်ခုကို ဖွင့်လိုက်တယ်။ အဲ့ဒါက မီးအိမ်တစ်လုံး ထွန်းညှိထားတဲ့ ထောင့်ရှစ်ထောင့်ရှိသော အခန်းငယ်လေးတစ်ခန်းပါ။ ပြတင်းပေါက်လည်း လုံးဝမရှိဘူး။ အဲ့ဒီအခန်းကို ဖြတ်ပြီးတော့ နောက်ထပ်တံခါးတစ်ခု ထပ်ဖွင့်သေးတယ်။ ပြီးတော့ ကျတော့်ကို ဝင်ဖို့ပြောတယ်။ဒါက ကြိုဆိုတဲ့ပုံပဲ။


ကြက်သားရို့စ်နဲ့ ဝိုင် ကို ညစာအဖြစ်စားသောက်ပြီးနောက် သူ့ကို အနီးကပ်လေ့လာဖို့ အခွင့်အရေး အရယူလိုက်တယ်။ 


သူ့မှာ သန်မာပြတ်သားတဲ့ မျက်နှာသွင်ပြင်ရှိတယ်။ နှာတံကခုံးနေတယ်။ ကြီးမားကျယ်ပြန့်တဲ့ နှဖူးပြင်နဲ့ နားထင်နားထိ ဆံပင်သန်သန်တွေရှိတယ်။ သူ့ရဲ့မျက်ခုံးတွေက အရမ်းထူတယ်။ နှာတံရင်းကို ထိလုနီးပါးပဲ။ နှုတ်ခမ်းက နှုတ်ခမ်းမွှေးထူထူ အောက်မှာမို့ မြင်ရသလောက်တော့ ရက်စက်မဲ့ပုံပေါ်နေတယ်။ နှုတ်ခမ်းပေါ်ငေါထွက်နေတဲ့ သူ့ရဲ့ ချွန်ပြီးဖြူဖွေးတဲ့သွားတွေက ကျတော့်ကို အံ့အားသင့်စေတယ်။ သူ့ရဲ့ နားရွက်တွေက သွေးမရှိသလို ဖြူဖပ်ဖြူလျော်ဖြစ်နေပြီး အပေါ်ကို အရမ်းချွန်နေတယ်။ မေးရိုးကားပြီး ခိုင်မာတယ်။ သူ့ပါးတွေက ချိုင့်ပြီးပိန်နေတယ်။ သူက အရမ်းကို ဖြူလျော်နေတဲ့သူတစ်ယောက်၊ နေရောင်အောက်ကို တခါမှ မထွက်တဲ့သူလိုပဲ။


သိပ်မကြာခင် အမတ် ထွက်ခွာသွားချိန်မှာ ကျတော့်ရဲ့ အိပ်ရာပေါ်မှာ အနားယူလိုက်တော့တယ်။


-

Jonathan Harker’s Journal

7 May

ဒီနှစ်ရက်အတွင်းမှာ အမတ်နဲ့ ကျတော်တို့ ကျတော့်ကူညီမှုနဲ့ ဝယ်ယူဖို့ စီစဉ်ထားတဲ့ အင်္ဂလန်က အိမ်မြေတွေ အကြောင်း ပြောခဲ့ကြတယ်။ Carfax လို့ခေါ်တဲ့နေရာပဲ။ အိမ်က နံရံလေးဘက်ပိတ်နဲ့။

ကျတော်တို့ရဲ့ မတူညီတဲ့နိုင်ငံတွေနဲ့ ပတ်သတ်တဲ့အကြောင်းအရာတွေ အများကြီးကိုလည်း ပြောခဲ့ကြပြီး သူ့ရဲ့ ဗဟုသုတ ကြွယ်ဝတာကိုလည်း တွေ့ရတယ်။

သူက ကျတော်တို့ အင်္ဂလန်နဲ့ နိုင်ငံသားတွေကို သဘောကျတာကို သိလာတယ်။ ဒါက သူနောက်ပိုင်း အခြေချချင်တဲ့ အကြောင်းရင်းတစ်ခုပါပဲ။ သူတို့ရဲ့ ဘိုးဘေးဘီဘင် လက်ထက်က ဇာတ်လမ်းတွေကိုလည်း ပြောပြခဲ့တယ်။ သူတို့ဟာ ဒီရဲတိုက်ကြီးထဲမှာ သက်ရှိထင်ရှားရှိနေသေးသလိုပဲ။


ဒါပေမဲ့ ကျတော် သတိပြုမိတာက သူက ကျတော်နဲ့အတူ စားသောက်ဖို့ တခါမှမခေါ်သလို တနေ့လုံးလည်း ဘာမှစားတာ မတွေ့ဘူး။ တခါတလေ သူစားပြီးပြီ လို့ ပြောတယ်၊ ဒါဆို သူက လုံး၀ မဆာဘူးလား၊ ကျတော့်မှာ ထူးဆန်းတဲ့ ခံစားချက်က ဒီနေရာမှာ အိမ်ကြီးက ကောင်းမွန်ပြည့်စုံနေပြီး အစေခံရယ်လို့ ရှိမနေတာကိုပဲ။


သူ ကျတော့်ကို တခါပြောတယ်။

‘Mr.Harker, ခင်ဗျား ဒီရဲတိုက်ထဲရှိတဲ့ ဘယ်အခန်းကိုမဆို သွားနိုင်တယ်။ ဒါပေမဲ့ သော့ခတ်ထားတဲ့ အခန်းတွေထဲကိုတော့ မသွားသင့်ဘူး။’


စကားကို ခဏရပ်လိုက်တယ်။ သူ့နှုတ်ခမ်းတွေက ပြုံးလာပြီး ဆက်ပြောတယ်။ 

‘ ခင်ဗျားရဲ့ လုံခြုံမှု အတွက်ပါ။ တကယ်တော့ ခင်ဗျားက ဒီနယ်မြေက မဟုတ်ဘူးလေ။ ဒီမှာ ခင်ဗျားကို အံ့သြစေမဲ့ အရာတွေ အများကြီးရှိတယ်။ ‘

-

8 May


ဒီနေ့ ကျတော် မုတ်ဆိတ်ရိတ်နေတုန်း ကျတော့် ပုခုံးပေါ် လက်တဖက် တင်လိုက်တာ ခံစားလိုက်ရပြီး အမတ်ရဲ့အသံ ထွက်ပေါ်လာတယ်။

‘ မင်္ဂလာနံနက်ခင်းပါ ‘


ကျတော်လန့်သွားခဲ့တာက မှန်ထဲမှာ သူ့ရဲ့ ပုံရိပ်ကို မမြင်ရတာကြောင့်ပဲ။ ကျတော် လှည့်လိုက်တော့ ဓါးရှသွားတယ်။ မတော်တဆ ကိုယ့်ဘာသာလုပ်မိတာ။ ကျတော်နည်းနည်း လန့်သွားခဲ့လို့။ တခန်းလုံးက ပုံရိပ် မှန်ထဲမှာ ထင်နေပါတယ်။ (ဘယ်လိုဖြစ်လို့ အမတ်ကို မှန်ထဲမှာ မမြင်ရတာပါလိမ့်)


အမတ်ဟာ သွေးထွက်တာကို မြင်သွားတဲ့အခါ သူ့မျက်လုံးမှာ မိ စ္ဆာဆန်တဲ့ ဒေါသရိပ် ဖြတ်ခနဲဖြစ်သွားသလိုပဲ။ စကန့်ပိုင်းအတွင်းမှာပဲ သူ့လက်တွေက ကျတော့်လည်ပင်းကို ရုတ်တရက် ဆုပ်ကိုင်လာတယ်။ 


ဒီအပြုအမူကြောင့် ကျတော် တော်တော်လန့်သွားပြီး ကျတော့်လက်က ဆတ်ခနဲ အပေါ်မြောက်တက်သွားတယ်။ အမတ်ရဲ့ လက်က တည်းခိုဆောင်ပိုင်ရှင် ပေးလိုက်လို့ ကျတော် ဝတ်ထားတဲ့ လက်ဝါးကပ်တိုင် ပုံစံငယ် ဆွဲကြိုးကို ထိမိသွားတာကြောင့် ရုတ်ချည်း ငြိမ်ကျသွားတယ်။


ကျတော့်ရဲ့မှန်ကို ဆတ်ခနဲ ဆွဲယူလိုက်ပြီး ပြောတယ်။

" ဒီမကောင်းတဲ့ဟာက ဒီလို ထိခိုက်မှုကို ဖြစ်စေတာပဲ။ ဒီလိုဟာမျိုး ဘယ်သူလိုလို့လဲ။ အသုံးမကျတဲ့ဟာ သက်သက်ပဲ"


သူက ပြောရင်းနဲ့ မှန်ကို ယူသွားပြီး ပြတင်းပေါက် အပြင်ကို လွှင့်ပစ်လိုက်တယ်။ မြေပြင်ပေါ်ကျပြီး အစိတ်စိတ် အမွှာမွှာ ကွဲသွားတယ်။ ကျတော် တော်တော် ဒေါသထွက်မိတယ်။ ဒါမရှိဘဲ ကျတော် ဘယ်လို မုတ်ဆိတ် ကြည့်ရိတ်ရမလဲ။ ဒါပေမဲ့ သူက စကားတခွန်းမှ မပြောတော့ဘဲ အခန်းထဲက ထွက်သွားတယ်။

ရက်အနည်းငယ် ကျော်လွန်လာပြီးနောက် ကျတော် ဘာမှလုပ်စရာမရှိတာနဲ့ ရဲတိုက်ထဲ စူးစမ်းကြည့်မိတယ်။ ရဲတိုက် က နက်စောက်တဲ့ ချောက်ကမ်းပါး သုံးဘက်ပေါ်မှာ ကျောက်တုံးတွေနဲ့ တည်ဆောက်ထားတယ်။ သေချာတာကတေ့ ကျတော်သာ ခုန်ချခဲ့မယ်ဆိုရင် အပိုင်းအစတွေ အဖြစ် ကျိုးကျေ သွားမှာပဲ။ 


မျက်လုံးနဲ့ မြင်နိုင်သမျှ ခပ်ဝေးဝေးမှာတော့ တောအုပ်ထူထူပဲ။ ကျတော်တို့ ဖြတ်လာတုန်းက ဆာလောင်နေတဲ့ ဝံပုလွေအုပ်တွေ မင်းမူနေတဲ့နေရာ။ အဲဒါကကို ဘယ်လို တိုက်ခိုက်မှုမျိုးမဆို ခုခံဖို့ ခံတပ်တစ်ခုလို ဖြစ်နေတာပဲ။


တခြား ပြတင်းပေါက်တွေက မြင်နေရတဲ့ မြင်ကွင်းတွေကတော့ လှပါတယ်။ ဒါပေမဲ့ သော့မခတ်ထားတဲ့ အခန်းက နည်းနည်းပဲ တွေ့တယ်။ အပြင်ကို ထွက်နိုင်တဲ့ တံခါးအားလုံးက သော့ခတ်ထားတော့ ကြည့်ရတာ ရဲတိုက်ထဲက ထွက်ဖို့ တစ်ခုတည်းသော ထွက်နိုင်တဲ့နေရာက ဒီပြတင်းပေါက်တွေပဲ။

(ရဲတိုက်ကြီးက အကျဉ်းထောင်တစ်ခုလိုပဲ ခံစားရတယ်။ ကျတော်ကလည်း အကျဉ်းသားတစ်ယောက်လိုပဲ။)


ဒီအတွေးဝင်ရောက်လာတော့ ရဲတိုက်ထဲမှာ ခပ်မြန်မြန် လျှောက်သွားကြည့်တယ်။ တံခါးတိုင်းကို ဖွင့်ဖို့ ကြိုးစားကြည့်တယ်။ ပြတင်းပေါက်တိုင်းရဲ့ အပြင်ကို ကြည့်တယ်။ ကျတော်ဟာ ထောင်ချောက်ထဲက ကြွက်တစ်ကောင်လိုပဲ ပြုမူနေမိတယ်။ 


ဒီအကြောင်းကို ကျတော်ပိုပြီး တွေးမိလေလေ၊ အမတ်ကို ဒီအကြောင်း ပြောလို့မရနိုင်တာ ပိုသေချာလေလေပဲ။

အမတ်က သိပြီးသားဖြစ်နေမှာ (ကျတော်က သူ့ရဲ့ အကျဉ်းသားဖြစ်နေပြီဆိုတာ)

-

Comments