ဒရက်ကူလာ (၅)
Chapter Five - Lucy’s Condition Worsens Dr.John ‘Jack’ Seward’s Journal 5 June ကျတော့်မှာ အရမ်း စိတ်ဝင်စားစရာကောင်းတဲ့ လူနာတစ်ယောက် ခေါ်လာဖို့ ရှိတယ်။ ကျတော် ပုံမှန် လုပ်နေကျထက်ပိုပြီး သူ့ကို မေးခွန်းတွေ အများကြီး မေးပြီးပြီ။ လူနာရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သတ်တဲ့ အချက်တွေကိုပါ ကျတော့်ရဲ့ သုံးသပ်မှုထဲ ထည့်စဉ်းစားတယ်။ လူနာ - R.M Renfield: ပြင်းထန်ပြီး သေလောက်အောင် စိတ်လှုပ်ရှားစရာတစ်ခုကို အမှောင်နဲ့ မသဲကွဲတဲ့ ခဏမှာ ကြုံခဲ့တာ။အကုန်လုံးက ကျတော် မခန့်မှန်းနိုင်တဲ့ တစုံတခု ဆီကိုပဲ ဦးတည်နေတယ်။ သူ့ရဲ့ ကောင်းတဲ့အချက်က တိရစ္ဆာန် ချစ်တတ်တာ။ ဒါပေမဲ့ သူ့ရဲ့ အိမ်မွေးတိရ စ္ဆာန်လေးတွေက တမျိုးပဲ။ မကြာခဏ သူတို့ကို နှိပ်စက်တယ်။ လတ်တလော သူ့ရဲ့ဝါသနာက ယင်ကောင် ဖမ်းတာပဲ။ သူ့အခန်းထဲမှာ ရှိနေတဲ့ ယင်ကောင် အရေအတွက်က များလွန်းနေလို့ သူ့ကို ရပ်ဖို့ ပြောရတော့မယ်။ လူနာက စိတ်အလိုမကျပေမဲ့ ကျတော့် ယူဆချက်ကိုတော့ မပြောင်းဘူး။ သူ ခဏ စဉ်းစားပြီးတော့မေးတယ်။ “ကျတော် သုံးရက်လောက် အချိန်ရဦးမလား“တဲ့.. ကျတော် သဘောတူလိုက်ပါတယ်။ ကျတော် သူ့ကို အဝေးကနေ ကျိန်းသေ စောင့်ကြည့်ရမယ်။ ဒီလူနာက သေချာ အ...