ဒရက်ကူလာ (၅)

 Chapter Five  - Lucy’s Condition Worsens

Dr.John ‘Jack’ Seward’s Journal

5 June

ကျတော့်မှာ အရမ်း စိတ်ဝင်စားစရာကောင်းတဲ့ လူနာတစ်ယောက် ခေါ်လာဖို့ ရှိတယ်။ ကျတော် ပုံမှန် လုပ်နေကျထက်ပိုပြီး သူ့ကို မေးခွန်းတွေ အများကြီး မေးပြီးပြီ။ လူနာရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သတ်တဲ့ အချက်တွေကိုပါ ကျတော့်ရဲ့ သုံးသပ်မှုထဲ ထည့်စဉ်းစားတယ်။ 

လူနာ - R.M Renfield: ပြင်းထန်ပြီး သေလောက်အောင် စိတ်လှုပ်ရှားစရာတစ်ခုကို အမှောင်နဲ့ မသဲကွဲတဲ့ ခဏမှာ ကြုံခဲ့တာ။အကုန်လုံးက ကျတော် မခန့်မှန်းနိုင်တဲ့ တစုံတခု ဆီကိုပဲ ဦးတည်နေတယ်။ သူ့ရဲ့ ကောင်းတဲ့အချက်က တိရစ္ဆာန် ချစ်တတ်တာ။ ဒါပေမဲ့ သူ့ရဲ့ အိမ်မွေးတိရ စ္ဆာန်လေးတွေက တမျိုးပဲ။ မကြာခဏ သူတို့ကို နှိပ်စက်တယ်။ 

လတ်တလော သူ့ရဲ့ဝါသနာက ယင်ကောင် ဖမ်းတာပဲ။ သူ့အခန်းထဲမှာ ရှိနေတဲ့ ယင်ကောင် အရေအတွက်က များလွန်းနေလို့ သူ့ကို ရပ်ဖို့ ပြောရတော့မယ်။ လူနာက စိတ်အလိုမကျပေမဲ့ ကျတော့် ယူဆချက်ကိုတော့ မပြောင်းဘူး။ သူ ခဏ စဉ်းစားပြီးတော့မေးတယ်။ 

“ကျတော် သုံးရက်လောက် အချိန်ရဦးမလား“တဲ့.. ကျတော် သဘောတူလိုက်ပါတယ်။

ကျတော် သူ့ကို အဝေးကနေ ကျိန်းသေ စောင့်ကြည့်ရမယ်။ ဒီလူနာက သေချာ အာရုံစိုက် သတိပြုဖို့လိုတယ်။

*****

18 June

Renfield က အခု ပင့်ကူတွေကို စွဲလမ်းနေပြီး၊ သူ အများကြီးရထားပြီးနေပြီ။ သေတ္တာတစ်လုံးစာတောင်မှပဲ။ သူ့ရဲ့ ယင်ကောင်တွေကို ပင့်ကူဖမ်းဖို့ သုံးလိုက်ပြီတဲ့လေ။ 

*****

19 July

သူ စာကလေးတွေပေါ်  ဓါတ်ကျသွားပြန်ပြီ။ ယင်ကောင်တွေ ပင့်ကူတွေတော့ ကုန်လုနီးပါးပဲ။ သူစားသောက်ပွဲကြီး တည်ခင်းနေတုန်း ကျတော်ဖမ်းမိတယ်။ အကောင်လေးတွေရဲ့ သွေးတွေကို မြိန်မြိန်ယှက်ယှက် စားသောက်နေတာ၊ စိတ်ဝင်စားစရာပဲ။ သူက ကြောင်ပေါက်လေး တစ်ကောင်လောက်လို့ တောင်းလာတာကြောင့်  ကျတော် ငြင်းလိုက်ရတယ်။ 

*****

19 August

ကျတော် အိပ်ရာဝင်ချိန်၊ ညဘက်စောင့်ကြည့်ရတဲ့သူက ကျတော့် အခန်းကို အလောတကြီး ရောက်လာတယ်။ သူပြောတာက Renfield လွတ်သွားတယ်တဲ့။ ကျတော် သူ့အခန်းကို ပြေးသွားတော့ ဝန်ထမ်းက သူပြေးသွားတဲ့ ဘက်ကို ညွှန်ပြတယ်။

ကျတော် မြင်ခဲ့တာက သူ အုတ်တံတိုင်းအမြင့်ပေါ်ကို တက်နေတုန်း၊ အဲ့နေရာက ကျတော့်မြေပိုင်နက်နဲ့ ကျတော်တို့ဘယ်ဘက်က လူမနေတော့တဲ့ အိမ်တွေနဲ့ကို ပိုင်းခြားထားတဲ့နေရာ။

ကျတော် လှေကားတစ်ခု ရပြီး တခြားဘက်ကို ဆင်းချလိုက်တယ်။ ညဉ့်နက်နေပြီ။ ဒါပေမဲ့ ကျတော် Renfield ကို ရှာဖို့ ဆုံးဖြတ်ခဲ့တယ်။ အိမ်ရဲ့ ဟိုဘက်ခြမ်းဆီမှာ ဘုရားရှိခိုးကျောင်းရဲ့ တံခါးကို ပိတ်လိုက်တဲ့ သူ့ကို လှမ်းတွေ့လိုက်တယ်။ သူပြောနေတာ ကျတော် ကြားလိုက်ရတာက-

“အရှင်၊ ကျွန်ုပ် ဒီမှာ အရှင့်ရဲ့ အမှုကို ထမ်းဖို့ ရောက်နေပါပြီ။ အရှင်သာ ဆုပေးမယ်ဆိုရင် အရှင့်ကို အမြဲ နာခံပါ့မယ်။ အခု အရှင် ဒီမှာ ရှိနေတော့ အရှင့် အမိန့်ကို ကျွန်ုပ် စောင့်ဆိုင်းနေပါတယ်။“

ညစောင့်တစ်ယောက်၊ ဝန်ထမ်းနှစ်ယောက်နဲ့အတူ Renfield ကို ထိန်းဖို့ ကြိုးစားတဲ့အခါ သူက ပြင်းပြင်းထန်ထန် တိုက်ခိုက်ပြီး၊ ဟာကျူလီအားမျိုးနဲ့ လွတ်မြောက်ဖို့ ကြိုးစားပါတယ်။ အဲ့ဒီနောက်မှာတော့ ထူးဆန်းတာတွေ ဖြစ်ပျက်ခဲ့ပါတော့တယ်။ 

သူက လွတ်မြောက်ဖို့ နှစ်ဆ ကြိုးစားအားထုတ်နေတဲ့ တခဏမှာ သူ့မျက်လုံးတွေ ပြူးကျယ်လာပြီး၊ သတိပေးတာ ခံလိုက်ရသလိုမျိုး ရုတ်ချည်း ငြိမ်ကျသွားတယ်။ သူ့မျက်လုံးကြည့်ရာအတိုင်း လိုက်ကြည့်ပေမဲ့ လင်းနို့ကြီး တစ်ကောင်ကလွဲပြီး ဘာမှ မမြင်ရပါဘူး။ အဲ့ဒီ လင်းနို့ကြီးက တောင်ပံတဖျတ်ဖျတ် ခတ်ပြီး တခြားလင်းနို့တွေလို မဟုတ်ဘဲ မျဉ်းဖြောင့်အတိုင်း ပျံသန်းသွားတာ မြင်လိုက်ရတယ်။ Renfield ကြည့်ရတာ အဲ့ဒီကနေ ညွှန်ကြားချက် ရယူနေသလိုမျိုး ခေါင်းတညိတ်ညိတ်နဲ့ ။ သူက အဲ့ဒီ လင်းနို့ကိုပဲ အကြာကြီး ကြည့်နေခဲ့တယ်။ သူချစ်တဲ့ ပုံမှန်မဟုတ်တဲ့ ဖန်တီးထားမှု၊ အဲ့ဒါက သူ့ကို ငြိမ်သက်သွားစေတာကို ကျတော် မှန်းဆနေမိတယ်။


Letter : Arthur Holmwood to Dr Seward

မိတ်ဆွေကြီး John

ကျတော့်ကို တစ်ခုလောက် ပြုလုပ်ပေးစေလိုပါတယ်။ ကျတော်နဲ့ စေ့စပ်ထားတဲ့ လူစီက နေမကောင်းဖြစ်နေတာ၊ သူမမှာ မဖော်ပြနိုင်တဲ့ တခုခု ရှိနေသလိုပဲ။ သူမကြည့်ရတာ မကောင်းဘူး၊ နေ့တိုင်း အခြေအနေက ပိုဆိုးလာနေတယ်။ တချို့နေ့ တွေမှာ သူမက လမ်းလျှောက်ဖို့တောင် အရမ်းအားနည်းနေတယ်။ လူစီရဲ့ စိတ်ထဲမှာ တခုခု ရှိနေတယ်ဆိုတာ ကျတော် သေချာသိနေတယ်။

ခင်ဗျား လူစီ့ကို စစ်ဆေးပေးလိမ့်မယ်လို့ ကျတော် လူစီ့ အမေကို ပြောထားတယ်။ 

ကျတော့် အဖေလည်း နေသိပ်မကောင်းလို့ ကျတော် ခင်ဗျားကို လာမတွေ့နိုင်ဘူး။ လိုအပ်လျှင် ကျတော့်ကို ကြေးနန်းပို့ပါ။

ခင်ဗျားရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်ဗျာ

ခင်ဗျားရဲ့မိတ်ဆွေ

Arthur

*****

Letter : Dr.Seward to Arthur Holmwood

မိတ်ဆွေကြီး Arthur

ကျတော် လူစီ့ကို သွားကြည့်ပြီးပြီ။ ဒါပေမဲ့ အဓိက ပြသနာကို ရှာမတွေ့ဘူး။ လူစီက အသက်ရှုရခက်တာနဲ့ ကြောက်စရာကောင်းတဲ့ အိပ်မက်တွေ အကြောင်းပဲ ညည်းညူနေတယ်။ သူမမှာလည်းပဲ သွေးအားလျော့နည်းနေပြီး၊ ကျတော် ပုံမှန် စစ်ဆေးမှုတွေတော့ လုပ်ခဲ့ပြီးပြီ။

သွေးစစ်ဆေးမှုအဖြေတွေက သာမန်ထက် ဘာမှမပိုပေမဲ့ ကျတော် ဝေခွဲမရ ဖြစ်နေတယ်။ ကျတော့်ရဲ့ မိတ်ဆွေ Amsterdam က ဆရာ Professor Abraham Van Helsing ဆီကို စာရေးပြီးပြီ။ သူက ကမ္ဘာပေါ်က ဘယ်သူမှ နည်းမလည်နိုင်တဲ့ ခက်ခဲတဲ့ ရောဂါတွေ အများကြီးကိုတောင်သိတယ်။ သူသိပ်မကြာခင် လူစီ့ကို လာကြည့်ပါလိမ့်မယ်။

ကျတော် ခင်ဗျားကို ဖြစ်စဉ်အကုန်လုံးကို စာပို့ပါ့မယ်။

ခင်ဗျားရဲ့ အမြဲတမ်းမိတ်ဆွေ

John Seward

**


Comments