Posts

ဒရက်ကူလာ (၅)

  Chapter Five  - Lucy’s Condition Worsens Dr.John ‘Jack’ Seward’s Journal 5 June ကျတော့်မှာ အရမ်း စိတ်ဝင်စားစရာကောင်းတဲ့ လူနာတစ်ယောက် ခေါ်လာဖို့ ရှိတယ်။ ကျတော် ပုံမှန် လုပ်နေကျထက်ပိုပြီး သူ့ကို မေးခွန်းတွေ အများကြီး မေးပြီးပြီ။ လူနာရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သတ်တဲ့ အချက်တွေကိုပါ ကျတော့်ရဲ့ သုံးသပ်မှုထဲ ထည့်စဉ်းစားတယ်။  လူနာ - R.M Renfield: ပြင်းထန်ပြီး သေလောက်အောင် စိတ်လှုပ်ရှားစရာတစ်ခုကို အမှောင်နဲ့ မသဲကွဲတဲ့ ခဏမှာ ကြုံခဲ့တာ။အကုန်လုံးက ကျတော် မခန့်မှန်းနိုင်တဲ့ တစုံတခု ဆီကိုပဲ ဦးတည်နေတယ်။ သူ့ရဲ့ ကောင်းတဲ့အချက်က တိရစ္ဆာန် ချစ်တတ်တာ။ ဒါပေမဲ့ သူ့ရဲ့ အိမ်မွေးတိရ စ္ဆာန်လေးတွေက တမျိုးပဲ။ မကြာခဏ သူတို့ကို နှိပ်စက်တယ်။  လတ်တလော သူ့ရဲ့ဝါသနာက ယင်ကောင် ဖမ်းတာပဲ။ သူ့အခန်းထဲမှာ ရှိနေတဲ့ ယင်ကောင် အရေအတွက်က များလွန်းနေလို့ သူ့ကို ရပ်ဖို့ ပြောရတော့မယ်။ လူနာက စိတ်အလိုမကျပေမဲ့ ကျတော့် ယူဆချက်ကိုတော့ မပြောင်းဘူး။ သူ ခဏ စဉ်းစားပြီးတော့မေးတယ်။  “ကျတော် သုံးရက်လောက် အချိန်ရဦးမလား“တဲ့.. ကျတော် သဘောတူလိုက်ပါတယ်။ ကျတော် သူ့ကို အဝေးကနေ ကျိန်းသေ စောင့်ကြည့်ရမယ်။ ဒီလူနာက သေချာ အ...

ဒရက်ကူလာ (၄)

  Chapter Four – Dracula’s First Strike Mina Harker’s Journal 24 July လူစီနဲ့ ကျမ ဘူတာရုံမှာ ဆုံတွေ့ကြတယ်။ သူ့ကို ကြည့်ရတာ အရင်ကထက် ပိုချစ်စရာကောင်းလာတယ်။ သူမနဲ့ Mr Arthur Holmwood တို့ရဲ့ စေ့စပ်မှု့အကြောင်းပြောဖို့ အရမ်းကို စိတ်စောနေတယ်။ သူက ချမ်းသာ ကြွယ်ဝပြီး ထက်မြက်တဲ့ လူငယ် တစ်ယောက်ပါ။ ဒါကြောင့် လူစီကတော့ အရမ်းပျော်နေပြီး စိတ်လှုပ်ရှားနေတယ်လေ။ ကျမလည်း ကျမယောက်ျားကို အရမ်းလွမ်းနေချိန်မျိုးမှာ ကိုယ် ရင်းနှီးခင်မင်တဲ့ မိတ်ဆွေနဲ့ ဆုံတွေ့တာ ပျော်ပါတယ်။ ကျမယောက်ျား Jonathan က အလုပ်ကိစနဲ့ Transylvania ကို ခရီးထွက်သွားပြီးကတည်းက စာလေးတစ်စောင်တောင် မရခဲ့ဘူး။ သူ အဆင်ပြေပြေရှိနေပြီး ကျမအကြောင်း တွေးနေမယ်လို့တော့ မျှော်လင့်ရတာပါပဲ။ - 3 August လူစီက ပင်လယ်နဲ့ နီးတဲ့ နေရာမှာ နေတယ်။ ကျမ ဒီမှာ ပျော်တယ်။ လန်ဒန်မှာ သိမ်းမြစ် ရှိပေမဲ့ ဒီမှာလို ပင်လယ်ကို မမြင်နိုင်ဘူးလေ။ အိုး……ပင်လယ်လေညှင်းလေးတွေထဲမှာ တစ်ခုခုရှိနေတယ်လို့ ကျမယုံတယ်။  နေ့တိုင်းပဲ သင်္ဘောဆိပ်ကို မြင်နိုင်တဲ့ ခုံတန်းရှည်ပေါ် ကျမတို့ သွားထိုင်ခဲ့ကြတယ်။ အဲ့ဒီနေရာက စကားပြောဖို့၊ လေညှင်းခံဖို့ ကောင်းတဲ့နေရာတစ်ခုပဲ။ ဒါပေမဲ့ ...

ဒရက်ကူလာ (၃)

  Chapter Three – The Count Leaves for England Jonathan Harker’s Journal 15 May အမတ်က သတိပေးထားပေမဲ့ ရဲတိုက်ထဲက တခြားအခန်းတွေကို ကျတော် စူးစမ်းကြည့်မိတယ်။ ဒီမှာ ကျတော် လုပ်စရာ ဘာမှ မရှိသလို၊ အပေါင်းအဖော်လည်း မရှိဘူး။ ဒီရဲတိုက်ထဲ လျှောက်လေ့လာနေတာ တစ်ခုပဲရှိတာ သဘာဝကျတယ်။ ပရိဘောဂ အဆောင်အယောင်ကောင်းတွေ ခင်းကျင်းထားတဲ့ ကြွယ်ဝခြင်းတွေနဲ့ ပြတင်းပေါက်မြင့်မြင့်တွေ ကနေ မြင်နေရတဲ့ လှပတဲ့  ရှုခင်းတွေကိုတော့ လေးစား အားကျမိတယ်။ ကျတော် တကယ်ကြိုက်မိတာက တောင်ဘက်ကို မျက်နှာမူထားတဲ့ ပြတင်းပေါက်ကနေ လှမ်းမြင်နေရတဲ့ အရမ်းငြိမ်းချမ်းတဲ့ မြင်ကွင်းတွေကိုပဲ။ ပြတင်းပေါက်မှာ မှီနေရင်း အပြင်ဘက် လရောင်ထဲမှာ ကျတော် ရုတ်တရက် မြင်လိုက်ရတာက ကျတော့်ရဲ့ အောက် ဘယ်ဘက်မှာ လှုပ်ရှားနေတဲ့ တစုံတရာ။ အဲ့ဒါက အမတ်ရဲ့ အခန်းပြတင်းပေါက်ဆီက လာတာထင်တယ်။ ကျတော်မြင်လိုက်ရတာက ကျတော့်ရဲ့ အသိဉာဏ် ခဏ ကင်းလွတ်သွားစေသလိုပဲ။ အမှောင်ကို အံတုနေတဲ့ ငွေရောင်ညမှာ ပြတင်းပေါက်ကနေ အမတ်ရဲ့ ခေါင်းထွက်လာတာကို မြင်နေရတယ်။ ဖြည်းဖြည်းလေးနဲ့ သူ့ရဲ့ တစ်ကိုယ်လုံးက ပြတင်းပေါက်ကနေ ထွက်ပေါ်လာတယ်။ နံရံတွေကို ကိုင်ထားပြီးတော့ အိမ်မြှောင်လို နံရံပေါ်ကနေ...

ဒရက်ကူလာ (၂)

   Chapter Two – Prisoner Jonathan Harker’s Journal (Continued) ကျတော် တံခါးဘောင်ကို ကျော်ဝင်လိုက်တာနဲ့ သူက ကျတော့ကို ထိလုနီးပါး အလျင်စလို ရှေ့တိုးလာတယ်။ သူ့ရဲ့ တင်းကျပ်စွာ လက်ဆွဲ နှုတ်ဆက်မှုက လှည်းမောင်းသူနဲ့တုန်းကလိုပဲ။ အဲ့ခဏမှာ သူတို့ဟာ တစ်ယောက်တည်းလို့တောင် ထင်မိတယ်။  သူက ကျတော့်ဆီက အိတ်ကို လှမ်းယူတယ်။ ကျတော်က ကာကွယ်လိုက်တော့ သူကပြောတယ်။ “No! No! Mr.Harker, ခင်ဗျားက ကျတော့ရဲ့ ဧည့်သည်ပါ။ ကျတော့်လူတွေ လောလောဆယ် ရှိမနေဘူး၊ ဒါပေမဲ့ ခင်ဗျားကို သက်တောင့်သက်သာ ဖြစ်စေရမှာက ကျတော့်ရဲ့ တာဝန်ပါ။ ခင်ဗျားလည်းပဲ ပင်ပန်းလာပြီး စားဖို့ အနားယူဖို့ လိုနေပြီ။ ဒီဘက်ကိုလာပါ။ “ သူက လျှောက်လမ်းတလျှောက် ကျတော့်အိတ်ကို သယ်ပေးခဲ့ပြီးနောက် ကြီးမားကျယ်ပြန့်တဲ့ လှေကားအတိုင်း နောက်ထပ် လျှောက်လမ်းကျယ်ဆီကို ဆင်းခဲ့ကြတယ်။ ကျတော်တို့ ခြေသံတွေက ကျောက်ပြားကြမ်းခင်းပေါ်မှာ ပဲ့တင်ထပ်နေတယ်။ လျှောက်လမ်းအဆုံးမှာတော့ သူက ကြီးမားလေးလံတဲ့တခါးတစ်ချပ်ကို ဖွင့်လိုက်တော့ ညစာ တည်ခင်းထားတဲ့ အခန်းကျယ်ကို မြင်လိုက်ရတယ်။ အခန်းထဲက မီးလင်းဖိုမှ မီးတောက်က နွေးထွေးနေတယ်။  သူက ရပ်တန့်လိုက်ပြီး ကျတော့်အိတ်ကို ချထားလိုက်တ...

ဒရက်ကူလာ (၁)

 Chapter One – The Strange Ride Jonathan Harker’s Journal 3 May, Bistritz (၁)ရက်နေ့က Transylvania ကို သွားဖို့ Munich ကနေ ရထားစီးခဲ့တယ်။ ခရီးစဉ်တလျှောက် အတူသွားခရီးသည်တွေ စားပွဲထိုးဝန်ထမ်းတွေနဲ့ ဂျာမန်လို နည်းနည်းပြောခဲ့တယ်။ Transylvania မြို့ အကြောင်းကို ဖတ်ပြီး ကျတော်နဲ့ အတူ အလုပ်လုပ်ရမဲ့ အမှုသည် (မြို့စား) အမတ် Dracula ကို လေးစားမိတယ်။ ကျတော်က လန်ဒန်မှာ အလုပ်လုပ်နေတဲ့ ရှေ့နေတစ်ယောက်ပါ။ ထိုပုဂ္ဂိုလ်ဝယ်ဖို့ စိတ်ဝင်စားနေတဲ့ လန်ဒန်မှာရှိသောပိုင်ဆိုင်မှု့ အများအပြား စာရင်းကိုလည်း ကုမ္ပဏီက ကျတော့ကို ပေးပို့ထားပြီးပါပြီ။ ခရီးစဉ်အတွင်းမှာ paprika က အကောင်းဆုံးကြက်ကင်ရယ်၊ ဒေသအခေါ် mamaliga လို့ခေါ်တဲ့ ပြောင်းမှုန့် ယာဂုရယ်၊ ခရမ်းသီးအစာသွတ်ရယ်ကို စားခဲ့တယ်။ ကျတော့်အတွက်ကတော့ ကြက်သားက နဲနဲ အကျက်လွန်နေလို့ တညလုံး ရေငုံ သောက်လာရတယ်။ အပြင်မှာတော့ အလှတရားက လွှမ်းခြုံနေတယ်။ တခါတရံ မြို့ငယ်လေးတွေ ဒါမှမဟုတ် မတ်စောက်တဲ့ တောင်ကုန်းတွေပေါ်က ရဲတိုက်တွေကို ဖြတ်သန်းသွားတယ်။ တခါတရံမှတော့ မြစ်တွေနဲ့ စမ်းချောင်းငယ်တွေကို ဖြတ်သွားတယ်။ ကျွဲနွားတွေက လတ်ဆတ်တဲ့ မြေပြန့်မြက်ခင်းတွေပေါ်မှာ အေးချမ်းစွာ လျှပ်တိုက်...